-

အဲဒီနေ့ မနက်စောစောမှာ လေကြောင်းတိုက်ခိုက်မှု သတိပေးသံတခုကြောင့် ရီကို အိမ်မှာပဲ နေခဲ့ပါတယ်။အန္တရာယ်ကင်းပြီဆိုတဲ့ ဥသြသံတွေကြားရပြီးတဲ့နောက်ပိုင်းမှာတော့ အနီးအနားက ဘုရားကျောင်းကို သူသွားခဲ့ပါတယ်။
လေကြောင်းသတိပေးသံတွေ မကြာခဏ ရှိတာကြောင့် ကျောင်းကို သွားရမယ့် အစား အနီးပတ်ဝန်းကျင်က ကလေးတွေ အဲဒီ့ဘုရားကျောင်းမှာပဲ စာသွားသင်ကြတာပါ။
ဘုရားကျောင်းမှာ မိနစ် ၄၀ လောက် စာသင်ပြီးတဲ့နောက် ဆရာမတွေက ကျောင်းဆင်းပေးလိုက်တော့ ရီကို အိမ်ကို ပြန်လာပါတယ်။
ကျွန်မ အိမ်အဝင်ဝမှာပဲ ရှိသေးတယ်။ အထဲကို ခြေတလှမ်းတောင် မလှမ်းရသေးဘူး" လို့ ရီကိုက ရှင်းပြပါတယ်။
"မျက်စိတမှိတ်အတွင်းမှာကို ဖြစ်ပျက်ခဲ့တာပါ။ စူးရှတဲ့ အလင်းတန်းတခု မျက်စိရှေ့ကနေ ဖြတ်သွားတယ်။ အဝါရောင်၊ ကာကီရောင်နဲ့ လိမ္မော်ရောင် စတဲ့ အရောင်တွေအားလုံး ပေါင်းစပ်ထားတယ်။ "
"အဲဒါ ဘာလဲဆိုတာတောင် ကျွန်မတွေးချိန် မရလိုက်ဘူး။ ချက်ချင်းပဲ အရာအားလုံးက ဖြူသွားတယ်။"
"ကျွန်မ တယောက်တည်း ကျန်ခဲ့ပြီလို့ ခံစားလိုက်ရတယ်။ နောက် အင်မတန်ကျယ်တဲ့ မြည်ဟိန်းသံကြီး ထွက်ပေါ်လာတယ်။ အဲဒီနောက် ကျွန်မ မေ့လဲသွားတယ်။ "
0 Comments