-
"ခဏကြာတော့ ကျွန်မ သတိပြန်လည်လာတယ်။ အရေးပေါ် တခုခု ကြုံရင် ဗုံးခိုကျင်းတခုထဲခိုအောင်းကြဖို့ ကျွန်မတို့ ဆရာမက သင်ထားတယ်။ အိမ်ထဲဝင်ပြီး အမေ့ကို ရှာတယ်။ အဲနောက်ကျွန်မတို့ အိမ်နီးနားချင်းရဲ့ ဗုံးခိုကျင်းထဲ သွားပုန်းကြတယ်။ "
"ပွန်းပဲ့ ဒဏ်ရာ တခုမှ ကျွန်မ မရခဲ့ဘူး။ ကွန်ပီယာ Konpira တောင်က ကျွန်မ အသက်ကို ကယ်ခဲ့တာပါ။ ဒါပေမဲ့ တောင်ရဲ့ တခြားတဖက်က လူတွေကတော့ အဲဒီလို မဟုတ်ပါဘူး။ ဆိုးဆိုးဝါးဝါး အခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။"
" Konpira တောင်ကို ဖြတ်ပြီး လူအများအပြား ကျွန်မတို့ဘက် ထွက်ပြေးလာကြတယ်။ ဒီလူတွေဟာ မျက်လုံးတွေ ကျွတ်ထွက်၊ ဆံပင်တွေ ဖွာလန်ကြဲ၊ ဝတ်လစ်စလစ်နီးပါး ဖြစ်နေပြီး အရေပြားတွေလည်း ဆိုးဆိုးဝါးဝါး မီးလောင်ခံထားရပါတယ်။ "" ရပ်ကွက်ထဲက တခြား အမျိုးသမီးတွေနဲ့ အတူ အိမ်ကနေ မျက်နှာသုတ်ပဝါတွေ၊ အိပ်ယာခင်းတွေ အမေက သွားယူလာတယ်။ နောက်တော့ သူတို့ လှဲလျောင်းလို့ ရနိုင်မယ့် အနီးအနားကစီးပွားရေး ကောလိပ်တခုရဲ့ နားနေဆောင်ကို အဲဒီလူတွေကို ခေါ်သွားပါတယ်။ "
"သူတို့က ရေတောင်းတယ်။ ကျွန်မဆီကိုလည်း ရေလာတောင်းတယ်။ ဒီတော့ ပန်ကန်လုံး အကွဲလေးတွေ့တာနဲ့ အနီးအနားက မြစ်ထဲသွားပြီး သူတို့ သောက်ဖို့ ကျွန်မ ရေသွားခပ်ပါတယ်။ "
"ရေတငုံသောက်ပြီတဲ့နောက် သူတို့ သေကြတယ်။ တယောက်ပြီး တယောက်ကို သေကြတာ။ "
"အဲဒီတုန်းက နွေရာသီလေ။ လောက်တွေတက်၊ အနံ့ဆိုးတွေ ထွက်တာကြောင့် ရုပ်အလောင်းတွေကို ချက်ချင်း သင်္ဂြိဟ်ကြရတယ်။ ကောလိပ်က ရေကူးကန်ထဲ အလောင်းတွေ စုပြုံထားပြီး ထင်းတိုထင်းစနဲ့ မီးသသင်္ဂြိုဟ်ခဲ့ကြတယ်။ "
"သူတို့ဘယ်သူတွေလဲဆိုတာ သိဖို့ မဖြစ်နိုင်ပါဘူး။ လူသားတယောက်လိုတောင် သူတို့ သေဆုံးမသွားခဲ့ရရှာဘူး။"

0 Comments